ကျေးသီး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်၊(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များစုပေါင်း၍ ယမန်နေ့နံနက်က ဟော်ကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ကျေးသီးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး လူလှ ဉီးဆောင်မှုဖြင့် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်နှင့် မိသားစု၀င်များက ကျောင်းဝန်းအတွင်း ဘုရားရောင်တော်ဖွင့်ခြင်း၊ ခြုံနွယ်များရှင်းလင်းခြင်း၊ ပေါင်းမြက်များရှင်လင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)