ပင်းတယ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ နှစ်စဉ်ကျင်းပသည့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းပွဲတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ (ရွာငယ်ကျောင်းသစ်ကျောင်း) ဆရာတော် ဦးစန္ဒေါဘာသနှင့် ပင်းတယမြို့ပေါ်(၁၃)ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း(၁၈)ကျောင်းမှ ရဟန်းသံဃာ(၂၆၈)ပါး၊ သီလရှင် (၅၂)ပါးတို့အား ပင်းတယမြို့အဝင် ပင့်ဂူရုပ်ဆိုင်းဘုတ်မှ ပင်းတယ-ရပ်စောက်သွားကားလမ်းမကြီးအတိုင်း မြို့အထွက် မြောက်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းအထိ လမ်းတစ်လျှောက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းထက်ဇော်နှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းဆရာ/ဆရာများများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်းဗုဒ္ဓဘာဘာသာဝင်အလှူရှင်(၁၁၀၀)ဦးခန့်မှ ဆွမ်းဆန်စိမ်း(၂၄၀)တင်း၊ လှူဖွယ်ဝတ္ထုများနှင့် အလှူငွေကျပ်(၂၉)သိန်းခန့် လောင်းလှူခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ဒေသပြန်/ဆက်)