မိုင်းပျဥ်းမြို့ အ.ထ.က၌ ဒုတိယအကြိမ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပ

မိုင်းပျဥ်း စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့ အ.ထ.က၌ ဒုတိယအကြိမ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက မိုင်းပျဥ်းမြို့ အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မိုင်းပျဥ်းမြို့ ဒုမြို့နယ်ပညာရေးမှူး ဦးမျိုးမင်းလတ်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်းနှင့် အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်နန်းဆိုင်လောင်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းဖတ်ကြားခဲ့ပြီး ပြိုင်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ထက်၊ လယ်၊ မူမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ကြပြီး အဆိုယှဥ်ပြိုင်သူ (၁၅)ဦး၊ အကယှဥ်ပြိုင်သူ ()ဦး၊ ကဗျာလွတ်ယှဥ်ပြိုင်သူ (၁၆)ဦးနှင့် ကဗျာလွတ်အဖွဲ့လိုက်ယှဥ်ပြိုင်မည့် အဖွဲ့ () ဖွဲ့ရှိကြောင်း သတင်းရရှိပါသည်။

ရန်နောင်ထွန်း(ပြန်/ဆက်)