ထန်းတပင်မြို့နယ်တွင် လှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေငါးသိန်းခွဲ ငါးမျိုးစိုက်ထည့်ပေး

ထန်းတပင် စက်တင်ဘာ ၁၅

ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်ရည်ရွယ်ကာ နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကျွန်းငူကမ်းနားရှိ လှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ငါးသိန်းခွဲကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုများဖြင့် ငါးမျိုးစိုက်ထည့်ခြင်းများကို တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိပြီး လှိုင်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကိုလည်း တိုင်းဒေသကြီး၊ ခရိုင်တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာ လှော်ကားငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်ကောင်ရေ ငါးသိန်းခွဲကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

ငါးမျိုးစိုက်ထည့်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးတင့်လွင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၂) ဦးအေးဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလင်းနိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်ကျော်၊ လှော်ကားငါးလုပ်ငန်းစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက လှိုင်မြစ်သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်းငါးသား ပေါက်ကောင်ရေ ငါးသိန်းခွဲ (၅၅ဝဝဝဝ) ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)