မိုးကောင်း စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ Community Centre ခန်းမ၌ ယမန်နေ့နေ့လည် (၂)နာရီတွင် Book Club အဖွဲ့ဝင်များက ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်လီလီဆွေက ရှက်စိတ်၊ ကြောက်စိတ်နှင့်အောင်စိတ်ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ အဖွဲ့ဝင် ဒေါ်နန်းမြမြမိုးက အဲဒီကောင်လေးမရှိတော့ဘူ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ထွေးနုအောင်က တာဝန်လိပ်ပြာသန့်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် မောင်ဉာဏ်နိုင်အောင်က အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြသည်။
သန်းလွင်ဦး(ပြန်/ဆက်)