မြစ်ကြီးနား စက်တင်ဘာ ၁၅
၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ကချင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းက ထောက်ပံ့ ကြေးငွေပေးအပ်ရခြင်းနှင့် ထောက်ပံ့ကြေးငွေအား အလေအလွင့်မရှိ ထိရောက်စွာအသုံးပြု နိုင်ရေး အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ပရဟိတဂေဟာ (၁၇) ကျောင်း၊ မိခင်ဝိုင်း(၂၃) ကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၅၈)ကျောင်းနှင့် ထိခိုက်လွယ်အုပ်စု (၆)ဦးတို့အတွက် ဆန်ဖိုး၊ အစားအသောက်စရိတ်နှင့် ဝတ်စုံစရိတ် စုစုပေါင်းငွေကျပ် တစ်ထောင့်ခုနှစ်ရာ ခုနှစ်ဆယ့်သုံးသိန်း ခုနှစ်သောင်းသုံးထောင် (၁၇၇,၃၇၃,၀၀၀/-) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းနှင့်အဖွဲ့သည် ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန အမှတ်(၁) မူလတန်းကြိုကျောင်းရှိ စမ်းသီတာခန်းမ၌ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများရရှိသော ကျောင်းသား/သူလေး(၄၀)အား ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များနှင့် အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)