ဝမ်းတွင်း စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ ဝမ်းတွင်း(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် သိကောင်းစရာများဖြစ်သည့် ကလေးအလုပ် သမားစစ်တမ်း ကောက်ယူခြင်း၊ ဘေးအန္တရာယ်ရှိသောအလုပ်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာများ၊ ကလေးအလုပ်သများသို့ တွန်းပို့သည့်အကြောင်းအရင်းများနှင့် ကျောင်းပညာရေး စသည့်များကို ရှင်းလင်းဟောပြောခဲ့ပြီး ဦးသိန်းမြင့် ရုပ်သံကျွမ်းကျင်(၃)က ကလေး လုပ်သားဖြစ်ရခြင်း အကြောင်းအရင်းများ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲသို့ ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကောလိပ်ကြည်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ပြီး ခင်းကျင်းပြသထားသော ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှု့ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)