ဗဟန်းမြို့နယ် Community Centre တွင် လူမှု​ရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာ​ပေးသင်တန်းဖွင့်လှစ်

ဗဟန်း  စက်တင်ဘာ   ၁၅

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီက လူမှုဝန်ထမ်းဦးစီးဌာန အ​နောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာ​ပေးသင်တန်း ဖွင့်လှစ်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

သင်တန်းတွင် ရန်ကုန်အ​နောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြား​ရေးမှုး ​ဒေါ်ခင်မိုးဝေက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းလုပ်ငန်းကြီး(၇)ရပ်ကို သင်ကြားပို့ချခဲ့သည်။ အဆိုပါသင်တန်းအား စက်တင်ဘာလ ၁၅ ရက်​နေ့မှ စက်တင်ဘာလ ၁၇ ရက်​နေ့ထိ ​နေ့စဥ်နံနက် ၉း၃၀ နာရီမှ ၁၅း၃၀ နာရီထိ သင်တန်းသား (၄၀)ဦးဖြင့် ဖွင့်လှစ်သင်ကြား​ပေးသွားမည်ဖြစ်သည်။

ထိုသို့သင်ကြားပို့ချရာတွင် ဆရာမ​ဒေါ်ပပ​မောင်မှ က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာဥပဒေအကြောင်း၊ ဦးစီးအရာရှိ ဒေါ်စန်းစန်း​ထွေးက ကျားမအ​ခြေပြုအကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များ၊ ဒုတိယညွှန်ကြား​ရေးမှုး​ဒေါ်ဥမ္မာခိုင်က လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု သင်ခန်းစာများ၊ဦးစီးအရာရှိ ​ဒေါ်တင်တင်ဝါက က​လေးသူငယ် ကြီးကြပ်သူအစီရင်ခံစာနှင့် CM ဖြစ်ရပ်စီမံခန့်ခွဲမှူတို့အား အသီးသီးပို့ချ ​ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်