မြစ်သား စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်အတွင်းတွင်မြန်မာနိုင်ငံဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းဦးဆောင်မှုနှင့် Wilmar Myanmar Fdible Oil Co…Ltd အစီအစဉ်ဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာ စားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ (၅၂၈၅)ကျပ်နှုန်းဖြင့် မြို့နယ်အတွင်းရှိ နေရာ (၃)နေရာတွင် ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးကိုကိုကြီးနှင့် အဖွဲ့ဝင်များက ကူမဲမြို့ရှိ ကူမဲစည်ပင်သာယာစျေးတိုက်တန်း နယူးဖန်စီဆီအရောင်းဆိုင်၊ကူမဲမြို့ အမှတ်(၅) ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ အောင်ကမ္ဘာဆီစက်နှင့်မြစ်သားမြို့ ရှမ်းပွဲရက်ကွက်ရှိ ဒေါ်ဇာဇာ ကုန်ဆုံဆိုင်ရှေ့တို့တွင် ပြည်သူများအား တစ်ဦးလျှင် ဆီတစ်ပိဿာ (၅၂၈၅)ကျပ်နှုန်းဖြင့် ဆီ (၃၃၀၀)ပိဿာချိန်အား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း စာသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
ရဲနိုင်ဦး(မြစ်သား)