ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ၂၀၂၃ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

ဟိုပုံး စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသက်(၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့မအားကစားဘောလုံးကွင်းတွင် ပြုလုပ်သည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဗိုလ်လုပွဲစဉ်အဖြစ် တောင်ရပ်(ခ)ဘောလုံးအသင်းနှင့် တောင်ရပ်(ဂွင်စိမ်း) ဘောလုံးအသင်း ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး တောင်ရပ်(ခ)ဘောလုံးအသင်းနှင့်  တောင်ရပ်(ဂွင်စိမ်း) ဘောလုံးတို့ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့၍ ပင်နယ်တီအဆုံး အဖြတ်ဖြင့် တောင်ရပ်(ခ)ဘောလုံးအသင်းက တောင်ရပ်(ဂွင်စိမ်း)ဘောလုံးအသင်းကို (၄)ဂိုး၊ (၃)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ရဲမှူးစိုးအောင်က ဒုတိယဆုရရှိသော ‌တောင်ရပ်(ဂွင်စိမ်း)ဘောလုံးအသင်းကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ်(၃)သိန်းကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ဖြိုးနိုင်ဦးက ဂိုးသမားအကောင်းဆုံးဆုကိုလည်းကောင်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလင်းက နောက်တန်းအကောင်းဆုံးဆုကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းက ရှေ့တန်းအကောင်းဆုံးဆုကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းခိုင်ဦးက ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုနှင့် တာဝန်ရှိသူများက အလယ်တန်းအကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အသန့်ရှင်းဆုံးအသင်းဆုကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပထမဆုရရှိသော တောင်ရပ်(ခ)ဘောလုံးအသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေကျပ်(၅)သိန်းနှင့် တံခွန်စိုက်ဖလားများကို အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ အသက်(၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း(၅၃)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ်လ(၉)ရက်နေ့မှ စက်တင်ဘာလ(၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)