မိုင်းပျဉ်းမြို့တွင် ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်အတွက် ODK Mobile Application အသုံးပြုနည်း သင်တန်းဖွင့်လှစ်

မိုင်းပျဉ်း  အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်အတွက် ODK Mobile Application အသုံးပြုနည်း သင်တန်းကို ယမန်နေ့နံနက် ၁၀နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်လူစီ (လူမှုဝန်ထမ်း-၄) နှင့် ဒေါ်ခင်မို့မို့ထွန်း (အငယ်တန်းစာရေး)တို့က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ODK Application အသုံးပြုသည့် နည်းလမ်းများ၊ အကျိုးခံစားသူ စာရင်းသွင်းခြင်း၊ စာရင်းထုတ်ပယ်ခြင်း၊ လမ်းညွှန်ချက်များကို လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မိုင်းပျဉ်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ရပ်ကျေးစာရေး (၃၁) ဦး တက် ရောက်မည် ဖြစ်ပြီး  သင်တန်း(၁)ချိန်လျှင် သင်တန်းသာ(၇)ဦးနှုန်းဖြင့် (၂) ရက်တာ ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ် (ပြန်/ဆက်)