သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

သာစည် စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပြည်သူများ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ရရှိစေရန် online  မှတဆင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး  Talk Show  တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ကလေးသူငယ်တစ်ဦး၏ အသက်အရွယ်၊ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်၊ ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍  သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ မြို့နယ်ဥပဒေအရာရှိ ဦးသဲကိုထွန်းက အသက် ၁၈ နှစ် မပြည့်သေးသူသည် ကလေးသူငယ်ဖြစ်ကြောင်း၊ ကလေးသူငယ်တစ်ဦး အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်၊ အဆိုးဝါးဆုံး ပုံစံဖြင့်  အလုပ်စေခိုင်းခြင်း၊ သာမန်ပုံစံဖြင့် အလုပ်စေခိုင်းခြင်း၊ အသက်အရွယ်အလိုက် သတ်မှတ်အလုပ်ချိန်များ၊ ဥပဒေများနှင့် အရေးယူနိုင်သည့် ပုဒ်မများ၊ ကလေးသူငယ်အခွင့်အရေးများနှင့် တာဝန်များကို အကျယ်တဝင့် ရှင်းလင်းအသိပညာပေး  ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)