နမ့်ဆန်မြို့၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထိုးနှံပေးနိုင်ရန် ညှိနှိုင်းဆွေးနွေး

နမ့်ဆန် အောက်တိုဘာ ၁၉

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကကွယ်ဆေး စတင်ထိုးနှံပေးနိုင်ရန် ညှိနှိုင်းအသိပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ ပုံမှန်ကာကွယ် ဆေးထိုး အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ (၂၀)ရက် နေ့မှစ၍ စတင်ထည့်သွင်းထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေးအသစ်ထိုးနှံခြင်းနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထက်ဖြိုးဝေ တို့က ကာကွယ်ဆေး စတင်ထိုးနှံပေးနိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများအား တွေ့ဆုံညှိနှိုင်းအသိပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)