ကျိုက်မရော၌ မိုးကန်းဇွန်းဥများ အထွက်နှုန်းကောင်း၍ စျေးကောင်းရ၍ စိုက်ပျိုးသူများ ဝင်ငွေတိုး

ကျိုက်မရော စက်တင်ဘာ ၁၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ယခုနှစ်မိုးရာသီ၌ ကန်ဇွန်းဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသူများ အထွက်နှုန်းကောင်းကာ စျေးကောင်းလည်းရသဖြင့် စိုက်ပျိုးသူတောင်သူများ ဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။

ကန်ဇွန်းဥ စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ “ကျွန်မတိုအနေဖြင့် ဒီနှစ်မိုးဦးမှာ ဥကန်ဇွန်းပင်များကို စိုက်ပျိုးထားပါတယ်” ဥကန်ဇွန်းပင်ကို စိုက်ပျိုးရာမှာ မျိုးပင်ကိုအပင်လိုက်ချပေးပြီး ရက်ပေါင်း ၂၀ ကျော်လာလျှင် ဘောင်ဖော်ပြီး အရွက်များရှင်သန်ကြီးထွားစေရန်  အပင်များတစ်ပင်နှင့်တစ်ပင် မထပ်စေရန်အတွက် လုပ်ပေးရကြောင်း စိုက်ပျိုးပြီး  ၄၅ ရက်အကြာ၌   ကန်ဇွန်းဥများ စတင်ဥလာပြီး နှစ်လအကြာတွင် ကန်ဇွန်းဥများ စတင်တူး၍ ရပြီးဖြစ်ကြောင်း  ကန်ဇွန်းဥများ  တစ်နိုင်တစ်ပိုင် စိုကိပျိုးသူဒေါ်စောမြ၏ ပြောပြချက်အရ သိရသည်။

ယခုနှစ်တွင် ကန်ဇွန်းဥများ အထွက်နှုန်းကောင်း၍  စျေးလည်းကောင်းကြောင်း  ရွှေဝါရောင်ကန်ဇွန်းဥမျိုးဆို တစ်ပိသာလျှင် နှစ်ထောင်ကျပ်ထိရသဖြင့် မိသားစုဝင်ငွေရ တိုးပွားရေးအတွက် မိမိခြံဝင်းအတွင်း မြေကွက်လပ်ပါမကျန့် တိုးချဲ့စိုက်ပျိုးလာကြသဖြင့် ကန်ဇွန်းဥများ လှိုင်လှိုင်ပေါ်ထွက်နေပြီးဖြစ်ကြောင်း မြွေဟောက်ကျေးရွာမှ ကန်ဇွန်းဥစိုက်ပျိုးသူ  ဦးစောအုန်း ထံမှ သိရသည်။

ချိူမြတ်မြတ်ထွေး (ပြန်/ဆက်)