ဗန်းမော် စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် စီဟဲကျေးရွာ၊ စီဟဲကွင်း မိုးစပါးစိုက်ကွင်းအတွင်း အီးအမ်စူပါဘိုကာရှီမြေဆွေး သဘာဝ မြေသြဇာကြဲပက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၂ ရက် ညနေ ၄ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြသည်။
သဘာဝမြေသြဇာကြဲပက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးပြီး စိုက်ပျိုးရေးလုပ်ငန်းများ အခြေအနေ များ၊ သွင်းအားစုများ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည့် အခြေ အနေများကို ရှင်းလင်းပြောကြားကာ တောင်သူဦးမြအောင်၏ လယ် ၅ ဧကအတွင်း အထွက်တိုး ဆင်းဧကရီ -၃ မျိုးသန့်မျိုးစပါးကွင်း အတွင်း အီးအမ်စူပါဘိုကာရှီမြေဆွေးသဘာဝမြေသြဇာ ကြဲပက်မှုကို ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စီဟဲကွင်း ၂၄၄ ဧက၌ စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူများ အတွက် သဘာဝမြေသြဇာအိတ်များနှင့် ဆင်းဧကရီ-၃ ရက် ၉၀ မျိုးစပါးပင်များကို ထောက်ပံ့ပေးအပ်ပြီး မိုးစပါးအပြီး ဆောင်းသီးထပ်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်