လသာ အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း အ-ထ-က(၁) ကျောင်း၌ ဖွင့်လှစ်ထားသော Community Based Facility Quarantine Centre တွင် ဝင်ရောက်နေသည့် Positive လူနာနှင့် အနီးကပ်ထိတွေ့သူများနှင့် အနံ့ မရရှိသူ (၅၂)ဦး တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnosis Test Kit ဖြင့် Swab ယူ စစ်ဆေးပေးခြင်း ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ပေးရာတွင် Positive လူနာနှင့် အနီးကပ်ထိတွေ့သူများနှင့် အနံ့ မရရှိသူ(၅၂)ဦး အနက်(၁၀)ဦးမှာ အာခေါင်၊ နှာခေါင်းတို့ပတ် (Swab) ယူထားပြီး၊ Test Kit ဖြင့်စစ်ဆေးခဲ့သူ (၄၂) ဦးတို့မှ (၄၀)ဦး ကိုဗစ်-၁၉ရောဂါ ပိုးမတွေ့ရှိရဘဲ အမျိုးသမီး(၂) တို့၌သာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသဖြင့် ရောဂါဆက်လက်ကုသနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကုသရေးစင်တာသို့ ပို့ဆောင် ပေးမည်ဖြစ်ကြောင်း သိရသည်။
မေသူ (ပြန်/ဆက်)