မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ သွားရောက်မည့် ကုန်တင်ယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိစစ်ဆေး

ပြင်ဦးလွင် အောက်တိုဘာ ၁၈


မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ (၁) နာရီမှ စတင်ပြီး ပြင်ဦးလွင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသန်းဝင်းဦးဆောင်၍ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၁)တပ်မတော်စစ်ဆေးရုံ ကုတင်(၇၀၀)မှ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ သွားရောက်မည့် ကုန်တင်ယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး နေ့စဉ် စစ်ဆေးပေးလျက်ရှိရာ ယမန်‌နေ့ က စစ်ဆေးမှုတွင် ကိုဗစ်-၁၉ ပိုးမတွေ့ရှိကြောင်း သိရှိရသည်။


မြို့နယ်အတွင်းဖြတ်သန်း၍ ရှမ်းပြည်နယ်သို့ သွားရောက်မည့်အဝေးပြေး ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ စုစုပေါင်း(၁၄၀)ကျော်တို့ကို နှာခေါင်းတို့ပတ် ရယူစစ်ဆေးပေးခဲ့ပြီး ယနေ့ စစ်ဆေးမှုတွင် ကိုဗစ်-၁၉  ရောဂါပိုး မတွေ့ရှိသောကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကောင်းမွန်ကြောင်း လက်မှတ်များ အသီးသီးပေးအပ်ပြီး သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဆက်လက်ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။
မြတ်ဆုမွန်