မရမ်းကုန်း အောက်တိုဘာ ၁၈
ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ်အတွင်းရှိ အနှေးယာဉ်မောင်းများအား ကိုယ်အပူချိန် တိုင်းတာခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁)ရပ်ကွက် တပင်ရွှေထီးလမ်းတွင် စတင်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကိုယ်အပူချိန် တိုင်းတာခြင်းအား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြပြီး အနှေးယာဉ်မောင်းနှင်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်းများအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)