မိုင်းရယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်နိုင်ရေး အစည်း အဝေး ကျင်းပ

မိုင်းရယ်   အောက်တိုဘာ  ၁၈

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေးရွေး ကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲ ရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် လေ့ကျင်သင်တန်း ပေးနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းစုနိုင်ဦးက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်ရာတွင် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူဉီးရေ (၃၀)ဦးဖြင့် ဖွင့်လှစ်နိုင်ရေးနှင့် သင်တန်းပို့ချမည့် ဘာသာရပ်များအား  တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက အသီးသီးဆွေးနွေးကြသည်။

ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့လာသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်(၅)ခုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆန္ဒမဲပုံးအတွင်းသို့ထည့်သွင်း၍ ချိတ်ပိတ်ထည့်သွင်းခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်