ဗိုလ်တထောင် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းဦးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများကို အသေးစိတ်ကျောင်းသား၊ ကျောင်းသူများ နားလည်သဘောပေါက်စေရန် ဟောပြောခဲ့ပြီးနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးခွန်းများကိုလည်း ပြန်လည်စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့ပြီး မွန်းတည့် ၁၂ နာရီအချိန်တွင် အခမ်းအနားဆုံးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)