တုံတာ​မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

တုံတာ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မွန်ကဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမား၊ ကလေးအလုပ်သမားသည် တရားမဝင်ပါ၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့​နောက် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ)ဒေါ်နာခူက ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကုလသမဂ္ဂပြ ဌာန်းချက်များအကြောင်းကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

မြတ်မွန်(ပြန်/ဆက်)