ကွန်ဟိန်းမြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကွန်ဟိန်း စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက်သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ယနေ့ မွန်းလွဲ (၁)နာရီအချိန်က   အမှတ်(၄)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ ရွှေနဂါးမိတ္တူဆိုင်ရှေ့တွင်  ရောင်းချပေးခဲ့သည်။

အဆိုပါ စားသုံးဆီများရောင်းချရာတွင်  ကွန်ဟိန်းမြို့နယ် ဆီကုန်သည် ဒေါ်နန်းအေးမော် ကုန်စုံဆိုင်မှ ကိုယ်စားလှယ်ယူ ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား စားသုံးဆီများကို ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် (၄၈၀၀) နှုန်း၊ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဆီပိသာ (၂၀၄) ပိဿာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

ကွန်ဟိန်း (ပြန်/ဆက်)