ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၌ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၁၄

၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် (၁၁) ကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) ရှိ ကျောင်းခန်းမ၌ ကျင်းပရာ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ သန်းနိုင်စိုးက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား)မှ ဒုတိယ တပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူး သိန်းထိုက်အေးက လူမှောင်ခို၊ လူကုန်ကူးမှု ပေါ်ပေါက်လာပုံ၊ လူမှောင်ခို၊ လူကုန်ကူးမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ပြဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှ ဖြစ်စဥ်များအား (Power point) ဖြင့် ရှင်းလင်းဟော‌ပြောခဲ့ပြီး ကွန်ပျူတာ တက္ကသိုလ် (မြစ်ကြီးနား)မှ အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ဒုတိယ ရဲမှူးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)မှ မော်ကွန်းထိန်း ဦးမျိုးမြင့်သိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး လူကုန် ကူးမှုနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)