အလုံမြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre)များအတွက် အလှူငွေနှင့် စားသောက်ဖွယ်များလှူဒါန်း

အလုံ အောက်တိုဘာ ၁၈


ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် အသုံးပြုရန်နှင့် အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က အလှူငွေ၊ စားသောက်ဖွယ်များနှင့် သောက်ရေသန့်များ Mask လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


ထိုသို့လှူဒါန်းရာတွင် အလှူရှင် ဦးခင်မောင်အေးနှင့် မခင်လေးမိသားစု(Gold Power Co,Ltd ) မှ နံနက်စာ နန်းကြီးသုတ်ဘူး(၂၀၀)နှင့် ညစာထမင်းဘူး(၂၀၀)၊ မသဥ္ဇာထွန်းမှ (၃၄)နှစ်ပြည့်မွေးနေ့ အလှူအဖြစ်  နေ့လယ်စာထမင်းဘူး(၂၀၀)၊ ကွယ်လွန်သူ ဖခင်ကြီး မန်းမြသိန်းအား ရည်စူး၍ ကျန်ရစ်သူ မိခင်ကြီး ဂါ့စိန်စိန်မိသားစုမှ အလှူငွေကျပ် (၁၅၀၀၀၀)နှင့် ကြက်ဥအလုံး(၁၂၀)၊ ကော်ဖီမစ် ပါကင်(၄)ထုပ်နှင့် Mask(၁၀)ဘူး၊ ကိုရဲမင်းသိန်းနှင့် သူငယ်ချင်းများမှ သောက်ရေသန့် ကတ်(၁၂၅)ကတ်၊ SHWE Printing Service Co,Ltd မောင်လေးဝင်း၊ သစ်တောလမ်းမှ အလှူငွေ(၁)သိန်းကျပ်၊ ဦးမြင့်လွင်နှင့် သားများ(လှော်ကားလမ်း)မှ နွားနို့ (၁၁၈)ထုပ်တို့ လှူဒါန်းခဲ့ ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။  

   
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်နေရာများကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ် ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာကန့်သတ် စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေးသုံးပစ္စည်း များနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။


တင်တင်ချို(အလုံ)