တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်သာ စက်တင်ဘာ ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသော တန်ဖိုးရှိသောနေ့ စာအုပ်အား  စာဖတ်ဝိုင်းပြုလုပ်ရာ   အခန်း(၁)အောင်မြင်ရေးစိတ်ဓာတ်မွေးမြူပါ အခန်းအားဆွေးနွေးကြရာတွင် အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ စိတ်ဓာတ်ကောင်းတွေလိုအပ်ကြောင်း စိတ်ဓာတ်ကောင်းတဲ့လူတွေရဲ့ မျက်နှာကပြုံးရွှင်ပြီး နှစ်လိုဖွယ်ဖြစ်တဲ့အပြင် အပြောအဆိုကလည်း ချိုသာပျူငါတဲ့အတွက် တစ်ဖက်လူတွေက စိတ်ဓာတ်ကောင်းနဲ့ ပြန်လည်ဆက်ဆံတတ်ကြောင်း မိမိရဲ့စိတ်ချမ်းသာမှုနဲ့ ပျော်ရွှင်မှုဟာ မိမိရဲ့စိတ်ဓာတ်နဲ့ပဲဆိုင်ကြောင်း မိမိရွေးချယ်မူနဲ့ပဲဆိုင်ကြောင်း လူတွေဟာအများအားဖြင့် စိတ်ချမ်းသာမှုကို အခြားလူစီမှ ရှာတတ်ကြပြီး ဘယ်သူ့ကြောင့် ဘာကြောင့်စိတ်ဆင်းရဲရတယ်၊ စိတ်တိုရတယ်၊ ဒေါသဖြစ်ရတယ်ဆိုပြီး ပြောဆိုတတ်ကြ​ကြောင်း အမှန်ကတော့ ဘယ်သူကြောင့်မှမဟုတ်​ပဲ မိမိရဲ့စိတ်ခံစားမူစိတ်ဓာတ်နဲ့ပဲဆိုင်ကြောင်း၊ စိတ်ဓာတ်ဆိုတာအကူးမြန်ကြောင်း၊ ပျော်နေတဲ့လူနဲ့တွေ့ရင် ပျော်ရသလို စိတ်ဓာတ်မကောင်းတဲ့သူနဲ့ ပေါင်းမိရင်လည်း ကိုယ်ပါစိတ်ဓာတ်မကောင်းတာတွေဖြစ်လာတတ်ကြောင်း၊ ဒါကြောင့် ပျော်ပျော်နေတတ်သူ၊ စိတ်ဓာတ်ကောင်းသူတွေနဲ့သာ ပေါင်းသင်းပါက မင်္ဂလာတရားနဲ့ကိုက်ညီပါကြောင်း၊ စိတ်ကောင်းမွေးမြူမယ်၊ အောင်မြင်ရေးစိတ်ဓာတ် မွေးမြူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဘ၀မှာမြန်မြန်ချနိုင်ရင် အကောင်းဆုံးဖြစ်ကြောင်းနဲ့ ဆုံးဖြတ်ချက်ချပြီးရင်တော့ နေ့စဉ်မပျက်မကွက် လိုက်နာစောင့်ထိမ်းဖို့လည်း လိုအပ်ပါကြောင်း စသည်ဖြင့် အသီးသီးအပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)