မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၁)​ကြိမ်မြောက်​ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်​ရေးနေ့ အထိမ်းအမှတ် အသိပညာ​ပေး ဟောပြောပွဲ ကျင်းပ

မိုင်းခုတ် စက်တင်ဘာ ၁၄

၂၀၂၃ခုနှစ်၊ စက်တင်ဘာ(၁၃)ရက်နေ့တွင်ကျရောက်သော (၁၁)ကြိမ်မြောက် ​ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်​ရေးနေ့ အထိမ်းအမှတ် အသိပညာ​ပေး ဟောပြောပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ ညနေ့၃နာရီခွဲ က အဆိုပါ ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက (၁၁)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ် အသိပညာ​ပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး​ လူကုန်ကူးခံရမှု ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏လူကုန်ကူးမှု ပြဿနာများ၊  ရွှေ့ပြောင်းသွားလာနေထိုင်မှု၊ ဆင်းရဲခြင်း၏ပြဿနာများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သောပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်မည့်ဖုန်းနံပါတ်များကို အကျယ်တဝင့် ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)