ကျိုင်းတုံ စက်တင်ဘာ ၁၄
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၃)တပ်မတော်ဆေးရုံ (ခုတင်-၃၀၀)၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းကြသည်။
စုပေါင်းသွေးလှူဒါန်းရာတွင် ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက တပ်မတော်ဆေးရုံ(၃/၃၀၀)တွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများအသုံးပြုရန်အတွက် စုပေါင်းသွေးလှူဒါန်းကြပြီး ထိုသို့စုပေါင်းသွေးလှူဒါန်းနေမှုအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသိန်း၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူုးက သွေးလှူရှင်များအား အာဟာရပြည့်စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)