တန့်ယန်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအတွက် ပစ္စည်းလှူဒါန်း

တန့်ယန်း စက်တင်ဘာ ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော လူငယ်ဘင်ခရာသင်တန်းနှင့် ဘင်ခရာတွင် အသုံးပြုရန် အတွက် Melody 37 Key ပစ္စည်းနှစ်ခု ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ Melody 37 Key ပစ္စည်းနှစ်ခု ပေးအပ်လှူဒါန်းခြင်းတွင် Grade–11 မှ မနန်းနွံလောဝ်ခမ်းနှင့် မောင်အောင်လင်းထွန်းတို့က Melody 37 Key တစ်ခုစီအား ပေးအပ်လှူဒါန်းခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန်နှင့် ဆရာမများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)