ချမ်းမြသာစည် စက်တင်ဘာ ၁၄
ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၂လမ်း၊ ၁၀၅×၁၀၆ လမ်းကြားရှိ သူနာပြုတက္ကသိုလ် (မန္တလေး)တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့်ဝန်ထမ်းများက Biometric Enrollment And UID Management System အသုံးပြု၍ အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မျိုးသန့်နှင့်တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည့်အချက်အလက်များနှင့် လိုက်နာလုပ်ဆောင်ရမည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ကျော်စွာ (ချမ်း/စည်)