မိုင်းငေါ့ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်၊ (မြောက်ပိုင်း) ၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းတွင် ကလေးငယ်များ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာကြည့်တိုက်အား ပျော်ရွှင်စွာ လာရောက် အသုံးချတတ်စေရေးအတွက်၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင်သွယ်က ပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး မြတ်သူစံ(ဝါးခယ်မ)စီစဉ်သော ပူတူတူလေး ရယ်စရာရွှင်စရာ ဉာဏ်စမ်းပဟေဠိ (၁၇) မှ ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးတို့က ဖြေဆိုခဲ့ကြပြီး မြို့နယ်ဦးစီးမှူးမှ အမှတ်တရ ဗလာစာအုပ် လက်ဆောင်များပေးခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများ အသိပညာတိုးပွားပြီး ဉာဏ်ရည် မြှင့်မားရေးအတွက် ယခုကဲ့သို့ ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောခြင်းများ၊ စာအုပ်စာစောင်ပြသခြင်းများ၊ နံရံကပ်စာစောင်ပြပွဲများတို့ကို လစဉ်ပုံမှန် စဉ်ဆက်မပြတ် ပြုလုပ်ပေးလျှက် ရှိကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)