ဇေယျာသီရိ စက်တင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စုများနှင့် လက်လုပ်လက်စားလုပ်ကိုင်သည့် အိမ်ထောင်စု ၁၆၀ အား ဆန် ၄၈၀ ပြည် ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကျည်တောင်ကျေးရွာ ရွှေသဲကုန်စုံဆိုင်မိသားစုမှ လှူဒါန်းခြင်းဖြစ်ပြီး ကျည်တောင်ကျေးရွာအုပ်စုချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် တာဝန်ရှိသူများက ပူးပေါင်းကူညီဆောင်ရွက်ပေးကာ ကျည်တောင်ကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စုများနှင့် လက်လုပ်လက်စားလုပ်ကိုင်သည့် အိမ်ထောင်စု ၁၆၀ အား တစ်အိမ်ထောင်စုလျှင် ဆန်သုံးပြည်နှုန်း စုစုပေါင်း ၄၈၀ ပြည်အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)