နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

နောင်ချို စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဝန်ထမ်းနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများစာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်အခန်း (၁) နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်အား ဖတ်ကြားဆွေးနွေးခဲ့သည်။

ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးသက်နိုင်မိုးက  နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်အခန်း (၂) နိုင်ငံ့ဝန်ထမ်းများထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များနှင့် ပြည်သူ့ဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် ဝန်ထမ်းများ တစ်ဦးချင်း လုပ်ငန်းခွင်အတွင်း အရည်အသွေးမြင့်မားလာစေရန်ရည်ရွယ်၍ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့်လည်းကောင်း၊ ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စသည့် စာအုပ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို နှစ်ပတ်လျှင် (၁) ကြိမ်ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)