လားရှိုး အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းက မဲဆန္ဒရှင် စာရင်းလက်ခံရရှိမှုအခြေအနေ၊ ကြိုတင်မဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုများ၊ မဲရုံမှူး၊ ဒုမဲရုံမှူး များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပေးခဲ့သည်။ ထို့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဟေမာလွင်က မဲရုံမှူး ၊ ဒုမဲရုံမှူးများ သင်တန်းဖွင့်လှစ် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကော်မရှင်ခွဲ အဖွဲ့ဝင်များက သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)