အမ်း စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း ကြီးကြပ်မှုဖြင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ e-ID Software အတွင်း နိုင်မရှိသူအရေအတွက် လျှော့ချနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားကတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့်ဝန်ထမ်းများက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၊ အမ်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၄၈) ဦး မ(၃၈)ဦး ပေါင်း(၈၆)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၂၁)စောင်၊ မွေးတိုး (၁၈)ဦးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း