ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၃ ခုနှစ် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် (၉)နာရီခွဲက ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်းနှင်းရီက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးရေး၊ ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိရေးတို့အတွက် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးညီညီမင်းက အမှတ်ပေးစည်းမျဉ်းများ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး’’ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်နေမှုကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးငွေဒိုး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်ကိုနှင့် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူးဦးညီညီမင်းနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ပြီးပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၁)ဦး အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၉)ဦး စုစုပေါင်း(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ကျောက်ဆည်တက္ကသိုလ်၌ စက်တင်ဘာလ(၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်