ပုဏ္ဏားကျွန်း စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ကျင်းပသည့် (၂၄) ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ၌ ပုဏ္ဏားကျွန်းမြို့နယ်ကိုယ်စားပြု ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ပုဏ္ဏားကျွန်းမြို့နယ်ကိုယ်စားပြု ဆုရရှိသူများကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အသိအမှတ်ပြုပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆိုပါပြိုင်ပွဲများတွင် ပုဏ္ဏားကျွန်းမြို့နယ်က ပြိုင်ပွဲဝင်အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အခြေခံပညာ(၁၅-၂၀)အဆင့် အဆိုပြိုင်ပွဲ၌ ခေတ်ဟောင်းတေးနှင့် ကာလပေါ်တေးများဘာသာရပ်တွင် မစုဝေဖြိုးက ပထမဆုကိုလည်းကောင်း၊ မောင်မျိုးဟိန်းလှိုင်က အဆင့်မြင့်ပညာအဆိုပြိုင်ပွဲ၌ ကာလပေါ်တေးများဘာသာရပ်တွင် ပထမ၊ အဆင့်မြင့်ပညာရှင်အဆင့် အဆိုပြိုင်ပွဲ၌ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး ဘာသာရပ်တွင် ဒုတိယဆုနှင့် အဆင့်မြင့်ပညာအဆင့် တေးရေးပြိုင်ပွဲတွင် ပထမဆုတို့ကို အသီးသီးရရှိခဲ့ပြီး၊ ဝါသနာရှင် (ပထမတန်း) အဆင့် မယ်ဒလင်အတီးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ဦးအောင်နိုင်ဝင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္က ဒေါ်ယဉ်သိန်းဦးတို့က ဂုဏ်ပြုဆုငွေ တစ်သိန်းကျပ်နှင့် ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရန်၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှုရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)