မှော်ဘီ စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်) ၌ ကျင်းပသည်။
ရှေးဉီးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးသိန်းက အမှာစကားပြောကြားပြီး မှော်ဘီမြို့နယ် Book Club အဖွဲ့ဝင်အတွင်းရေးမှူး စာရေးဆရာဝင်းနွယ် (ပုသိမ်) မှ မူရင်းကောင်းမှ မိတ္တူကောင်းမည်ဟူသောခေါင်းစဉ်ဖြင့် သိကောင်းစ ရာများကို အကျယ်တဝင့်ဆွေးနွေးကာ အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုမာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)