လားရှိုး စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇နာရီ၃၀မိနစ် အချိန်က လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းထွန်း၊ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုး၊ မြို့မိမြို့ဖ ဦးဇော်ဇော်နှင့်ဦးစိုင်းကြူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းထွန်း က အဖွင့်အမှာစကား ပြောကြားပြီး လားရှိုးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူလေးများက ရှမ်းတိုင်းရင်းသားရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် လားရှိုးခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကို စတင်ကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်ဦးရေ (၁၆၁)ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)