အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ သန်လျင်၌ကျင်းပ

သန်လျင် စက်တင်ဘာ ၁၄

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်ခရိုင်ပညာရေးမှူး ဦးဘသန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ဝင် တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးကျော်ဇေယျက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးဟောပြောသည်။

အခမ်းအနားသို့ သန်လျင်ခရိုင် ပညာရေးမှူးရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အ.ထ.က သန်လျင်ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်ဆက်)