နေပြည်တော် စက်တင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မစိုးရိမ်တိုက်သစ် ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစ ကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဩဝါဒခံယူခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကိုကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဩဝါဒကထာ နာယူကြည်ညို ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်များကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်များကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြားပြီး ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။
ယနေ့ ဇမ္ဗူသီရိမြို့နယ်၊ မစိုးရိမ်တိုက်သစ် ပရိယတ္တိစာသင်တိုက်၌ သီတင်သုံးတော်မူလျက်ရှိသော ဆရာတော်သံဃာတော်များအား နေပြည်တော်ကောင်စီမှ ဝါဆိုသင်္ကန်း ငါးစုံ၊ ဝတ္ထုငွေ တစ်သိန်းနှင့် ဆွမ်းဆန်တော် (၁၈) အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)