အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လားရှိူး စက် ၁၄ ရက်

အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရာဂါကာကွယ်ဆေး(HPV)ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉နာရီ ၃၀မိနစ် အချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိူးမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းညွန့်ဦး က လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၊သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံပေးမည့် အစီအစဥ်နှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ WHOမှ ဒေါက်တာ ဇင်ဘိုဘိုထက်က သားအိမ်ခေါင်းကင်ဆာ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံပေးရေးနှင့် ရောဂါဖြစ်ပွားမှု အခြေအနေများအား အသေးစိတ် ရှင်းလင်း ပြောကြားပါသည်။  

ယင်းနောက် အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို အသီးသီး ဆွေးနွေးခဲ့ကြရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းညွန့်ဦး နှင့်တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိူးသမီးရေးရာအဖွဲ့မှ  တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းအား စက်တင်ဘာလ(၁၈)ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းအား အောက်တိုဘာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)