မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်ထုတ်ပေး

မြစ်သား၊ အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေး ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြိုင်ကုန်းကျေးရွာ၌ ဆောင်ရွက်သည်။

ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျှော့ချနို်ငရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်၊  ကျေးလက်လူထု၏စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနို်ငသော ဘေး အန္တရာယ်များကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများပေါ်ပေါက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရန်ပုံငွေအားထုတ်ချေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးမှ ပြောသည်။

အဆိုပါမြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်ထုတ်ချေးပေးရာတွင်  မြိုင်ကုန်းကျေးရွာမှ စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သူ (၁၉၇) ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၅) ဦးနှင့် အရောင်းအဝယ် အတွက်(၇)ဦ:တို့အတွက် ချေးငွေစုစုပေါင်းငွေကျပ်သိန်း (၅၀၀၅၀၀၀၀) ကို အသင်းသူ၊ အသင်းသားများထံအရောက် ကွင်းဆင်း၍ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦ:စီးမှူး ဦးကိုကိုအောင်နှင့်ဝန်ထမ်းများက လိုက်လံထုတ်ချေးပေးကြောင်း သိရသည်။

ဆုမွန်(ပြန်ဆက်)