ဇေယျာသီရိမြို့နယ်တွင် ကုန်ပစ္စည်းများကို ကုန်အမှတ်တံဆိပ် ခွဲခြားရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဇေယျာသီရိ စက်တင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ စတိုးဆိုင်ကြီးများ၊ ကုန်ပစ္စည်းအရောင်းဆိုင်၊ စာသောက်ဆိုင်ကြီးများနှင့် တယ်လီဖုန်း အရောင်းဆိုင်များတွင် ကုန်ပစ္စည်းအမျိုးအမည်များ ခွဲခြားရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ်များ ခွဲခြားရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးလိုင်ဒိန်း၊ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်စိုးလင်းထွန်းနှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်အတွင်းရှိ စတိုးဆိုင်ကြီးများ၊ ကုန်ပစ္စည်းအရောင်းဆိုင်၊ စာသောက်ဆိုင်ကြီးများနှင့် တယ်လီဖုန်း အရောင်းဆိုင်များတွင် ဥပဒေအရ တားမြစ်ကန့်သတ်ကုန်စည်များ မရောင်းချရေး၊ ကုန်ပစ္စည်းအမျိုးအမည်များ ခွဲခြားရောင်းချခြင်းနှင့် ကုန်အမှတ်တံဆိပ်များ ခွဲခြားရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ရာ မရှိ‌ကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီး ကုန်ပစ္စည်းများကို ကုန်အမှတ်တံဆိပ် ခွဲခြားရောင်းချခြင်းပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)