မောက်မယ်၊ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ်မှစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၂၀၁၉-၂၀၂၀)ခုဘဏ္ဍာရေးနှစ်ထိ ယူနစ်(၁၅)ယူနစ် ကျေးရွာပေါင်း(၂၅)ရွာတွင် စီမံကိန်းလည်ပတ် ရန်ပုံငွေကျပ်သန်းပေါင်း(၇၁၃.၇)သန်းဖြင့် ဆောင်ရွက်လျက် ရှိသော ကျေးရွာများအနက် ကဒူးကြီးကျေးရွာအုပ်စု နားဟီးကျေးရွာမြစိမ်းရောင်စီမံကိန်း ချေးငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုအခြေအနေအား ယမန်နေ့က မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မှမြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းနှင့်ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကော်မတီဝင်များနှင့်တွေ့ဆုံကာ စာရင်းဇယားများမှန်ကန်စွာဖြည့်သွင်း ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး ခဲ့သည်။
အဆိုပါနားဟီးကျေးရွာမြစိမ်းရောင်စီမံကိန်းသည်(၂၀၁၇-၂၀၁၈)ခုဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် လည်ပတ်ရန်ပုံငွေ (၃၆.၃၅)သန်း ဖြင့် စိုက်ပျိုးရေး( ၄၈ )ဦး၊ မွေးမြူရေး( ၁၈ )ဦး၊ အရောင်းအဝယ်( ၉ )ဦး စုစုပေါင်း( ၇၅ )ဦးတို့မှ ချေးယူကာ လုပ်ငန်းများဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)