ရမ်းဗြဲမြို့နယ်၊ မီးကျောင်းတက်ကျေးရွာ(အ.ထ.က)ကျောင်း၌ အားကစားဆိုင်ရာအသိပညာပေး ဟောပြော

ရမ်းဗြဲ  စက်တင်ဘာ   ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ မီးကျောင်းတက်ကျေးရွာ(အထက) ကျောင်း၌၊ ရမ်းဗြဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍   အားကစားလုပ်ခြင်းနှင့် လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက “အားကစားနှင့်လူငယ် ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးခြင်း၊ ဆက်လက်ပြီး ကျန်းမာကြံ့ခိုင်သော ကျောင်းသူ/ကျောင်းသားများ ဖြစ်လာစေရန်နှင့်  ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ  စသည့် ဗလငါးတန်ဖွံ့ ဖြိုးတိုးလာစေရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ (Fitness Dance) နှင့် ကျောင်းသား/ကျောင်းသူများနှင့်ကြံ့ခိုင်မှုများပြုလုပ်ပြီး လိုအပ်သော အားကစားအထောက်အကူပြု ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ  အခမ်းအနားသို့  ကျေးရွာအတွင်းမှ  လူပျို/အပျိုများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊  ကျောင်းသား/ကျောင်းသူ (၂၃၀) ဦး တက်ရောက်   အားပေးခဲ့ကြောင်း သိရသည်။     

အောင်တင်ကြည်