သူနာပြုတက္ကသိုလ် (မန္တလေး)မှ သင်တန်းသူ၊ သင်တန်းသားားများ လက်တွေ့ကွင်းဆင်းလေ့လာ

ချမ်းမြသာစည် စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သူနာပြုတက္ကသိုလ် (မန္တလေး)မှ သင်တန်းသူ/သား (၁၁၅) ဦးတို့က အောင်ပင်လယ်ရပ်ကွက်၊ အကွက်အမှတ် (ငင-၆)၊ ၅၄ လမ်း၊ ၁၀၄ × ၁၀၅ လမ်းကြားရှိ အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ယနေ့နံနက် ၉ နာရီမှ ၁၀ နာရီအချိန်ထိ ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း လုပ်ငန်းများကို လက်တွေ့ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ရပ်ကွက်တွင်းရှိ  အိမ်ခြေ (၈၀)၊ အိမ်ထောင်စု (၉၅) စု၊ ကျား (၁၀၇)ဦးနှင့် မ (၁၃၄)ဦး ၊ စုစုပေါင်း လူဦးရေ (၂၄၁)ဦးတို့အား ကျန်း‌မာရေးနှင့် ပတ်သက်သည့် သိ‌သင့်‌သိထိုက်သည်များ၊ ရှောင်ရန်ဆောင်ရန်များကို အလေးပေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကျော်စွာ (ချမ်း/စည်)