ဟိုပုံး စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွှဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး၊ အသိပညာဗဟုသုတဖွံ့ဖြိုးတိုး တက်စေရေး၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သင့်သည့် အချက်များ သိရှိနိုင်စေရန်နှင့် လူငယ်များ လူအများ ရှေ့တွင်ပြောတတ်၊ ဆိုတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွက်ကဲမှုအဖွဲ့မှူးရုံးမှ ရဲမှူး ကျော်စိုးက လူကုန်ကူးမှုအကြောင်း သိကောင်းစရာများနှင့် လူကုန်ကူးမှုနှင့်ပတ်သက်သည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန္ဒာနှင်းက လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဥပဒေအကြောင်းအရာများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိင်္ဂီအောင်က လူကုန်ကူးခံရပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက လူကုန်ကူးမှုနှင့်ပတ်သက်၍ သိလိုမေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များ လေ့လာမှတ်သားဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)