ချမ်းအေးသာစံမြို့နယ် အ.လ.က (၇) တွင် လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပ

ချမ်းအေးသာစံ      စက်တင်ဘာ   ၁၃

အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အ.လ.က -  ၇ တွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ချမ်းအေးသာစံမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရိန်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါနှင့် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်တို့က လူငယ်ရေးရာ အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် အ.လ.က ၇ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းလှမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲနှင့်အတူ အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်း ပြသခြင်း၊ သုတရသစာအုပ်များ ၊ စာစောင်ခင်းကျင်းပြသခြင်းဆောင်ရွက်ခဲ့ပြီး ကျောင်းသားကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်