မြစ်သား စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၅)နှစ်အောက်အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ၄ နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲကို မြစ်သား(အ.ထ.က)အသင်းနှင့်လမ်းခွ(အ.ထ.က)အသင်းတို့ စတင်ယှဥ်ပြိုင်ခဲ့ရာ မြစ်သား (အ.ထ.က)အသင်းမှ ( ၄ )ဂိုး ၊ လမ်းခွ (အ.ထ.က) အသင်းမှ (၂ )ဂိုး ရရှိသောကြောင့် မြစ်သား(အ.ထ.က) အသင်းမှ ပထမဆု ဆွတ်ခူးရရှိခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင်မှ စည်းလုံးညီညွတ်ပျော်ရွှင်စွာ အနိုင်အရှုံးပဓာနမထားဘဲ၊ အားကစား စိတ်ဓါတ်ဖြင့် ကစားခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်းအဖွင့်အမှားစကားပြောကြားပြီး မြို့နယ်ဘောလုံးပြိုင်ပွဲအဖွဲ့ချုပ်မှ အားကစားသမား လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း ပြောကြား ကြားခဲ့သည်။
ထိုနောက် အုပ်စုပွဲစဥ်ယှဥ်ပြိုင်ခဲ့သော ဘောလုံးအသင်း(၅)သင်းအားဘောလုံး(၂)လုံးစီနှင့်ငွေသား ဆုများချီးမြှင့်ခြင်း၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသော မောင်ခန့်ရာဇာ အား မြို့နယ်ဘောလုံးပွဲအဖွဲ့ချုပ်ဦးတင့်လွင်ဦးမှလည်းကောင်း ဖ၊တတိယဆုရရှိခဲ့သော အ.ထ.က (ကူမဲ) အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်ကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းနှင့် ငွေသားဆု(၁)သိန်းကို ခရိုင်အား/ကာဦးစီးအရာရှိတို့မှလည်းကောင်း ဒုတိယဆုရရှိသော အ.ထ.က (လမ်းခွ)အသင်းအား တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးဦးအောင်ကျော်မိုးနှင့်ငွေသားဆု (၂)သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေအောင်မှ လည်းကောင်း၊ ပထမဆုရရှိ သော အ.ထ.က(မြစ်သား)အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဘိုဘိုအောင်၊ ငွေသားဆု(၃)သိန်းကို ကျောက်ဆည်ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်နှင့် ဆုဖလားချီးမြှင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအေးခိုင်တို့မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကျောက်ဆည်ခရိုင်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ခံအရာရှိများနှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးပြိုင်ပွဲအဖွဲ့ချုပ်နှင့်နည်းပြဆရာများ၊ ကျောင်းသား/ ကျောင်းသူများ၊မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)