ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း 

ညောင်ဦး  စက်တင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများမှ ပြောင်းဖူးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ထွက်သလောက်ရောင်းချနေရခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများတွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးပွဲစား ဦးဝင်းတင့်ထံက သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေအောက်ရေဖြင့်စိုက်ပျိုးသည့် သကြားပြောင်းဖူး၊ အစေးပြောင်းဖူးခင်းများအောင်မြင်ဖြစ်ထွန်းလျှက်ရှိကာ အဆိုပါစိုက်ခင်းများမှထွက်ရှိသည့် ပြောင်းဖူးများကို အနီးအနားမြို့များသို့ရောင်းချနေရခြင်းကြောင့် ထွက်ရှိသည့် ပြောင်းဖူးများထွက်သလောက်ပြောင်းဖူးများ ရောင်းချနေရခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများ တွက်ခြေကိုက်နေကြောင်းသိရသည်။ ကျွန်တော်တို့ ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ကျေးရွာတွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ သီးနှံ စိုက်ပျိုးလုပ်ကိုင်ကြတဲ့အခါမှာလည်း မြေအောက်ရေကိုတွင်းတူးပြီး ရေထုတ်ယူကာရေသွင်း စိုက်ပျိုးကြောင်း၊ ကိုယ်ပိုင်ရေတွင်းရှိခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို ကြိုက်တဲ့အချိန်လုပ်ကိုင်၍ရကြောင်းဒီနှစ်မှာ သကြားပြောင်းဖူး၊ အစေးပြောင်းဖူးများမြေအောက်ရေဖြင့်စိုက်ပျိုးကြရာ ပြောင်းဖူးများ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဖူးဈေး ၃၅၀ ကျပ် ရောင်းချရခြင်းကြောင့် တွက်ခြေ ကိုက်နေကြောင်း ပြောင်းဖူးစိုက်တောင်သူများမှပြောကြားသည်။ ပြောင်းဖူးစိုက်ပျိုးကြရာတွင် အချိန်နှစ်လခွဲဖြင့် ငွေအမြန်ပေါ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကာလတွင် ပြောင်းဖူး စိုက်ပျိုး တောင်သူများ ပြောင်းဖူးရောင်းချချိန် တစ်ဖူး ၃၅၀ ကျပ် ဆယ်ဖူးဈေး (၂၅၀၀)ကျပ်ရောင်းချ ရခြင်းကြောင့်တွက်ခြေကိုက်နေကြကာ ဖြောင်းဖူးပြီး ပြောင်းဖူးစိုက်ပျိုးသည့် တောင်သူများ များပြားလာကြောင်း သိရသည်။

ဒီပါလင်း